ဖြူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဖြူး ဩဂုတ် ၂

တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (နာရီတွင် ဖြူးမြို့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးဦးသန်းထွေးမှ မဲစာရင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များပြောကြားခဲ့ပြီး ဖြူးမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်ဆွေကျော်မှ ဒုတိယအကြိမ် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် ပါဝင်သည့်ဌာနဆိုင်ရာများ၊ မြို့ နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု လူဦးရေစာရင်းပြုစုရေးအဖွဲ့များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး ဖြူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးထွန်းလင်းမှ နိုင်ငံသားတိုင်း မဲပေးနိုင်ရေး ပထမအကြိမ်မဲစာရင်းတွင် မပါဝင်သောသူများ မဲပေးနိုင်ရေးအတွက် မဲစာရင်းပုံစံများတွင် ပြည့်စုံမှန်ကန်စွာ ပြန်လည်ရေးသွင်းနိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဖြူးမြို့နယ်အတွင်းဇူလိုင်လ (၂၅ရက်မှ ဩဂုတ်လ (၁၄ရက်နေ့အထိ ပထမအကြိမ်အဖြစ် ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရှင်စာရင်းများကိုလာရောက်ကြည့်ရှုသူ (၉၇၃၈၃ဦး၊ ပုံစံ () တောင်းဆိုသူ (၁၇၂၆၅ဦး၊ ပုံစံ(-ကတောင်းဆိုသူ (-) ဦး၊ ပုံစံ (-ပြင်ဆင်သူ (၃၉၃၁ဦး၊ ပုံစံ (ကန့်ကွက်လွှာတင်သူ (၁၇၈၂ဦးရှိကြောင်း သိရသည်။ 

ဖြူး(ပြန်/ဆက်)