အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် လူထုဖြန့်ပျိုးပင်ပေါင်း (၁၇၀၀၀)ပင်ကို မြို့မသစ်တော ပျိုးဥယျာဉ်ခြံတွင် ပျိုးထောင် ထားရှိကြောင်း သိရသည်
Jun 02,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကကြီးမှူးကျင်းပသော အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းအမည်ဖြင့်ဆောင်ရွက်မည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၂) ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရွှေ ဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများတက်ရောက်ခဲ့သည်။
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ လက်မှုအတတ်ပညာဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နိုင်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 02,2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှကြီးမှူး၍ ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်မိသားစု များ၏သား သမီး ကျောင်းသားကျောင်းသူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာသင်စရိတ်ပေး အပ်ခြင်းအခမ်းအနားကို ဇွန်(၁)ရက် နံနက်(၉)နာရီက ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေး ခန်းမ၌ကျင်းသည်။
Jun 02,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာကျော်ကျော်လှိုင် ရေးသားသည့် ''စဉ်းစားမိသောအတွေးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်က ပြုလုပ်ခဲ့သည်။
Jun 02,2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်) ၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အကြားအာရုံချို့ယွင်းအားနည်းသည့် ကျောင်းသား/သူလေးများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။