Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုင်းတုံမြို့၌ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအား အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Mar 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအသိပညာပေး လုပ်ငန်းများကို ယမန်နေ့က ကျိုင်းတုံမြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေး
Mar 16,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပလျှက်ရှိသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာမေးပွဲတွင် ဖြေဆိုကြသည့် ကျောင်းသား/သူတို့အား ယနေ့နံနက် (၉)နာရီက ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များတို့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လယ်ယာကုန်ထုတ်လမ်းနှင့် ရေပေးဝေရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Mar 16,2020
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များ အချိန်မီ ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ပြည့်မီစွာ ဆောင်ရွက်နိုင်ရေး အတွက် ယနေ့ နံနက်ပိုင်းက ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံးကိုးမြို့၊ ဖောင်းဆိုင်ကျေးရွာ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော
Mar 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မြန်မာ-တရုတ် နယ်စပ်ဒေသ မုံးကိုးမြို့၊ ဖောင်းဆိုင်ကျေးရွာ၊ စုပေါင်း ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပြီး ကျန်းမာရေး အထောက်အကူပြု Face Mask (၅၀၀)ခုနှင့် လက်ဆေးရည်(ဂျယ်ဗူး)များ ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့ နွေရာသီသောက်သုံးရေဖူလုံရေး ကြည့်ရှုစစ်ဆေး
Mar 16,2020
နောင်တရား မတ် ၁၆
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့၌ Covid -19 နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Mar 16,2020
လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယနေ့ နံနက် ၉:၀၀ နာရီက ပင်လုံအရှေ့ကျေးရွာအုပ်စု နောင်လိုင့်ကျေးရွာ၌ Covid -19 အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့နယ်ရှိ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းနှင့် မြေသားလမ်း တာချဲ့ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 16,2020
မင်းတပ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၏ ကြီးကြပ်မှုအောက်၌ ဆောင်ရွက်လျက်ရှိသော စိချဲ့-ဘော(၃)လမ်း ၂မိုင် ကတ္တရာ ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် အဖွဲ့၀င်များက ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လှုပ်ရှားမှု WCRD Campaign ပြုလုပ်
Mar 16,2020
ပြည်သူတိုင်းသည်စားသုံးသူဖြစ်၍ စားသုံးသူတိုင်းသည် စားသုံးသူအခွင့်အရေးရှိကြောင်း ပိုမို ကျယ်ပြန့်စွာသိရှိစေပြီး မိမိတို့စားသုံးသူအခွင့်အရေးများကို တောင်းဆိုရယူတတ်စေရန် “ကုန်စည် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ကုန်စည် ဝန်ဆောင်မှု ရယူရာတွင် မှန်ကန်စွာရွေးချယ်တတ်စေရန် ရည်ရွယ်၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့လှုပ်ရှားမှု WCRD Campaign ကို ယမန်နေ့ နံနက် ၈ နာရီခွဲက လွိုင်ကော်မြို့၊ သီရိမင်္ဂလာစျေး၌ ပြုလုပ်ကျင်းသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27918
Page
27919
Page
27920
Page
27921
Current page
27922
Page
27923
Page
27924
Page
27925
Page
27926
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department