အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဆိုင်ရာ ဦးစီးမှူးရုံးမှ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဝဏ္ဏ ဒီပရပ်ကွက်၊ လောကပါလဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး စီမံချက်ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ် အကိုင်အခွင့် အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေးသင်တန်းများဖြစ်သည့် ကြက်မွေးမြူ လုတ်လုပ် သင်တန်း နှင့် ဝက်မွေးမြူထုတ်လုပ်သင်တန်းများကို ယနေ့ နံနက်(၉)နာရီ အချိန်က အဖွဲ့(၂)ဖွဲ့ခွဲ၍ ကျင်သီ ကျေးရွာနှင့် တိန်းချေ/ တိန်းစံကျေးရွာများတွင် ဖွင့်လှစ်ခဲ့သည်။
Aug 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ် အထွေထွေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးခန်းမ၌ ကျင်းပသည်။
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်နှင့် အမာမြို့တို့တွင် ပင်လယ်ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသော ရေလုပ်ငန်းရှင်များနှင့်ရေလုပ်သားများအား ၂၀၂၀ -၂၀၂၁ ခုနှစ် ငါးဖမ်းလုပ်ငန်းရာသီအတွက် တရားမဝင်ငါးဖမ်းဆီးမှုများနှင့် လုပ်ငန်းခွင်ရေလုပ်သားများ ဘေးကင်းလုံခြုံမှုရှိစေရေး၊ လူကုန်ကူးမှုပပျောက်ရေး တရားဝင်မှတ်ပုံတင်ထားသော ရေလုပ်သားများသာ လုပ်ငန်းခွင်ဝင်ရောက်စေရေး စသော စည်းကမ်းတကျ လုပ်ငန်းလုပ်ကိုင် စေရေး အတွက် ယမန်နေ့ နေ့လယ် (၁၂)နာရီက ခါးပြတ်ကျေးရွာ စစ်ဆေးရေးဂိတ် တည်ဆောက်မည့်နေရာအား ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Aug 06,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် လူသုံးကုန်လက်တွေ့လုပ်ငန်းခွင် သင်တန်းကို နောင်ချိုမြို့၊ မြနန်းတော်ဝင်ခန်းမ၌ သြဂုတ်လ(၂) ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး သြဂုတ်လ(၆)ရက်နေ့တွင်လည်းပဥ္စမမြောက်နေ့အဖြစ် လူသုံးကုန်ပစ္စည်းများကို လက်တေွ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေ စီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Aug 06,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ် ဆေးထိုး ခြင်း တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။