အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2020
ကျောက်တံတား မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရေစီးရေလာ ကောင်းမွန် စေရန်အတွက် ၃၇ လမ်း(မဟာဗန္ဓုလလမ်း နှင့်အ​နော်ရထာလမ်းကြား)ရှိ ရေမြောင်းများ တူး​​ဖော်ခြင်း၊ ​ရေ​မြောင်း​ဘောင်များပြုပြင် ခြင်းနှင့် ​​ရေ​မြောင်းဖုံးများအသစ်လဲလှယ်ခြင်း တို့ကို ဆောင်ရွက်​ပေးလျက်ရှိ ကြောင်းသိရသည်။
Aug 05,2020
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီးတွင် ပြည်သူများဆန္ဒမဲပေးနိုင်ရန်အတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ် ထား ကြေညာထားရှိသည့် ရပ်ကွက်၊ ကျေးရွာများသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ ဝင်များက မိမိတာဝန်ကျရာ ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင် (မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်)သည် ယနေ့ နံနက် ၁၀ နာရီခွဲက ကျေးချောင်းကျေးရွာ အုပ်စုတွင် ကွင်းဆင်းစစ်ဆေးသည်။
Aug 05,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ပညာဖွံ့ဖြိုးတိုးတက် စေရန် အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်မှစ၍ ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မိုးတွင်းကာလရေစီးရေလာ ကောင်းမွန် စေရန်၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အုတ်စီရေမြောင်း များ ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။
Aug 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ဦးအား မီးလောင်ပြင်သုံးနှင့် ရှာဖွေ ကယ်ဆယ်ရေးသုံး တူညီဝတ်စုံများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ် ခဲ့သည်။