အမြို့မြို့အနယ်နယ်သတင်းများ

Mar 23,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် မေတ္တာရိပ်အသင်းက လှူဒါန်း သော ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်နိုင်ရန် အတွက် ကာကွယ်ရေးဆိုင်ရာ ခွဲစိတ်ခန်းသုံးဝတ်စုံ (PPE) ၄ စုံ၊ Hand Gel နှင့် လက်ဆေး ဆပ်ပြာရည်များကို စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပေးအပ်လှူဒါန်းရာ ဟိုပင်မြို့ပြည်သူဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာမျိုးဝေက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
Mar 23,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ မြို့မဈေး၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Mar 23,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ပိုင်စိုးမိုးနှင့် ကျန်းမာရေး ဝန်ထမ်းများသည် ယနေ့ နံနက် ၉နာရီ က မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ပြီး လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ကြသည်။
Mar 23,2020
ကယားပြည်နယ်၊ ရွာသစ်မြို့အတွင်းရှိ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တောမီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှု မရှိစေရန် ရည်ရွယ်၍ မီးတားလမ်း ဆောင်ရွက်ခြင်း၊ မီးဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့အဝင်ဆိုင်းဘုတ်မှ မြို့အပြင် လမ်းတစ်လျှောက်ရှိ လမ်းများအား မီးတားလမ်း စုပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 23,2020
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့ရှိ ဟိုတယ် ၊ တည်းခိုခန်းများတွင် နိုင်ငံခြားသားများ တည်းခိုနေထိုင်ခြင်း ရှိ/မရှိကို ယနေ့ နံနက်ပိုင်း အချိန်က သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့သည်။
Mar 23,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို အရှိန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 23,2020
မီးလောင်မှုဖြစ်ပွားခဲ့ပါက အချိန်မီငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင်းခြင်းကို ယနေ့ နံနက် ၈ နာရီက ရပ်စောက်မြို့၊ မြို့မဈေးတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ဈေးသူဈေးသားများ စုပေါင်း၍ ဇာတ်တိုက်လေ့ကျင့်ကြသည်။
Mar 23,2020
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံး ပြည်သူ့ စာကြည့် တိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် စာကြည့်တိုက်သို့ စာဖတ်၊ စာငှား လာသူတိုင်း လက်ဆေးခြင်းများကိုနေ့စဉ် ဆောင် ရွက်လျက်ရှိသည်။