အမြို့မြို့အနယ်နယ်သတင်းများ

Mar 31,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်(Covid-19)ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဦးစီး ကော်မတီ၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးနဲ−နမ့်စန်၊ ခိုလမ်−နမ့်စန်နှင့် လွိုင်လင်−နမ့်စန် မြို့ဝင်နေရာများတွင် မြို့တွင်းသို့ ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများအားလုံးကို ကိုယ်အပူချိန်တိုင်းတာခြင်း နှင့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို မတ်လ ၂၈ ရက် နံနက်ပိုင်းမှစတင်၍ နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်းသိရသည်။
Mar 31,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကိုယ်ပိုင်ကျေးလက်ဈေးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီ က ကွင်းဆင်းဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 31,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID- 19 ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီက ဦးဆောင်မှုဖြင့် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူများ လိုက်နာရမည့်အချက်များနှင့် ရောဂါကူးစက်ပြန့် ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ်(၃၀)ရက် နံနက်(၆) နာရီခွဲက လေယာဉ်ကွင်း လမ်းဆုံ(ရုပ်ထု)နှင့် ဈေးတွင် တာ၀န်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
Mar 31,2020
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် မြို့ပေါ်ရပ်ကွက်များသို့ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့ ည ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 31,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ COVID-19 ​ရောဂါထိန်းချုပ် ကုသရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီဖွဲ့စည်းထားပြီး မြို့နယ်ပြင်ပမှဝင်ရောက်လာသူများအား နေ့စဉ်စစ်ဆေးကြပ်မတ်ခြင်း၊ ရောဂါထိန်းချုပ်ရေး သတင်းကွင်းဆက်ရယူခြင်း သံသယလူနာ စောင့်ကြည့်ခြင်းတို့အတွက် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်မှု နယ်မြေအတွင်းစောင့်ကြည့်လူနာများ ထားရှိမည့်နေရာအစီအမံများကို စီစဉ်ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
Mar 31,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ သံတောင်ကြီးမြို့ COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ရပ်မိရပ်ဖများက Facility Quaratile အဖြင့် စောင့်ရှောက်မှုများကို ယနေ့မှ စ၍ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Mar 31,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း Facility Quarantine ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Mar 31,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး လုပ်ငန်းများကို မတ်လ ၂၇ ရက်နေ့မှ စတင်၍ မြို့အဝင်အထွက်များတွင် ခရီးသည်တင်ယာဉ်များနှင့် ပါလာသော ခရီးသည်များအား ကိုယ် အပူချိန် တိုင်းတာခြင်း၊ နေရပ်ပြန်များနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိရာ ဒေသများမှ ပြန်လာသူများအား ကျန်းမာရေးအထူးကြပ်မတ် ကြည့်ရှုခြင်းများကို နေ့စဉ် ဆောင်ရွက်လျက် ရှိရာ မိဘပြည်သူများ၊ အဝေးရောက် မိုင်းကိုင် သူ မိုင်းကိုင်သားများကလည်း အားကြိုးမာန်တက် ပူးပေါင်း ပါဝင်ဆောင်ရွက် လာကြသဖြင့် ရောဂါထိန်းချုပ်၊ ကာကွယ်ရေးအတွက် အလှူငွေများ၊ ကုသရေးပိုင်းတွင် အသုံးပြုရန်ပစ္စည်းများကို လာရောက်လှူဒါန်းကြရာ မိုင်းကိုင် မြို့နယ်၊ ဆေးရုံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် လှူဒါန်းမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၇၂ သိန်းကျော် ရှိနေပြီဖြစ် ကြောင်း၊ ဆက်လက်၍လည်း နေ့စဉ်နှင့်အမျှ အလှူရှင်များ လာရောက်လှူဒါန်း လျက်ရှိကြောင်း သိရှိရသည်။