Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းယောင်းမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်
Mar 10,2020
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်
Mar 10,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိက ဝက်အပြင်းဖျားရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်များ အသိ ပညာပေးခြင်းကို သီပေါမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်က သီပေါမြို့နယ်၊ ပန်မိတ်ကျေးရွာအုပ်စု၊ ပန်မိတ်ကျေးရွာနှင့် ပန်ညုကျေးရွာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းအဆောက်အဦအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Mar 10,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့် အခြေခံပညာ အထက်တန်းကျောင်း(ကျောက်တလုံး)သို့ မီးဘေး လုံခြုံရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စသည်တို့ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ညနေ (၄)နာရီက တာဝန်ရှိသူများတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်မြို့ရှိ ပသိခန်းမ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေးဆောင်ရွက်
Mar 10,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ရှိ ပသိခန်းမ အကြီးစားပြင်ဆင် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ(၄)နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က သွားရောက်စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးကြည့်ရှုစစ်ဆေး
Mar 10,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အတွင်းရှိကျောင်းသား/ ကျောင်းသူများ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟွမ်ဦးနှင့် မြို့နယ်ပညာရေးကော်မတီဝင်တို့က ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ဖြေဆိုမည့်ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောမီးလောင်မှုမှ မီးဘေးသင့် ပျက်စီးနေအိမ်တစ်လုံးအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်
Mar 10,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု နားခံကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညပိုင်းက တောမီးလောင်ရာမှ မီးကူးစက်လောင်ကျွမ်းကာ နေအိမ်တစ်လုံး ပျက်စီးခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့၌ သံဃာအပါး(၄၅၀)ကျော်အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Mar 10,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် တပေါင်း လပြည့်ကျော်(၁)ရက်နေ့တွင်ကျင်းပသော မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးမှစတင်၍ ကမ္ဘောဇလမ်းမှ ဆီဆိုင်-လွိုင်ကော်သွားလမ်း ထိုမှတစ်ဆင့် ဟိုပုံးကားဂိတ်မှ သီရိမင်္ဂလာဗိမာန်တော်ကြီးအထိ လှည့်လည်၍ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေသထွက်သီးနှံအခြေခံ တန်းဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်
Mar 10,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့၌ ဒေသခံပြည်သူများ၏ တောင်းဆိုတင်ပြချက်အရ လွှတ်တော် ကိုယ်စားလှယ်မှတဆင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ (၉.၃.၂၀၂၀) ရက်နေ့မှ (၁၃.၃.၂၀၂၀) ရက်နေ့အထိ ဒေသထွက်သီးနှံအခြေခံ တန်းဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26637
Page
26638
Page
26639
Page
26640
Current page
26641
Page
26642
Page
26643
Page
26644
Page
26645
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department