အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါးချိန် ဆည်ကန်များမှ ပေးဝေသောရေဖြင့် နွေစပါး ၃၁၀၄ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Feb 22,2020
ဖားကန့်မြို့နယ်၊ ကာမိုင်း-ဖားကန့်သွား ကားလမ်းမပေါ်၌ ယနေ့နံနက်(၇)နာရီခွဲက (၁၂)ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူမှာ နေရာတွင် သေဆုံးခဲ့ ကြောင်း သိရသည်။
Feb 22,2020
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြောင်း သိရသည်။