Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မြောင်းမြမြို့နယ်အတွင်းရှိ ဥစားကြက်ခြံနှင့် အသားတိုးကြက်ခြံများအားကြည့်ရှုအားပေး
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ဇွန်လ(၂)ရက်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့နယ်အတွင်းရှိ ဥစားကြက်ခြံနှင့် အသားတိုးကြက်ခြံများအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်တိရစ္ဆာန်အစာများပိုမိုအသုံးပြုရန်နှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး
Jun 04,2026
ချင်းပြည်နယ် MSME အေဂျင်စီ နာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်း၌ ဇွန် ၃ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ စိုက်ပျိုးမွေးမြူရေးဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးမ…
Jun 04,2026
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက အခြေခံမော်တော်ဆိုင်ကယ်ထိန်းသိမ်းပြုပြင်မှုနည်းပညာသင်တန်း ဖွင့်လှစ်
Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် အခြေခံမော်တော်ဆိုင်ငယ်ထိန်းသိမ်းပြုပြင်မှု နည်ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်း၊ ၇၃လမ်းထောင့်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ ဇွန်လ ၄ရက်နေ့၊ မွန်းလွဲ နှစ်နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ထီးချိုင့်မြို့သို့ ပြန်လည်ဝင်ရောက်လာသူများအား ဝမ်းမြောက်လှိုက်လှဲစွာကြိုဆို
Jun 04,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့သို့ ယမန်နေ့နံနက် (၉)နာရီအချိန်က ပြန်လည်ဝင်ရောက်လာသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဝမ်းမြောက်လှိုက်လှဲစွာ ကြိုဆိုလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရရှိရေး တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက (၂၀၂၆-၂၀၂၇)ခုနှစ် မိုးစပါးရာသီ စိုက်ဧရိယာပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် လိုအပ်သည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ဂွကလေးကျေးရွာ အုပ်စု၊ ရှမ်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေး၊ အ-ထ-က(ခွဲ)(၁၄)၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်
Jun 04,2026
မန္တလေး၊ အောင်မြေသာစံမြို့နယ်၌ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ရွှေပြည့်သျှံခန်းမ၌ ဆောင်ရွက်ပေးရာ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးထွန်းဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ ၇၂ ဦးအား ကွင်းဆင်းဆောင်ရွက်ပေးရာ တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်း၊ ခရိုင်ပညာရေးမှူး ဦးသိန်းတန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမို့မို့နှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပးကြပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ မြန်မာ့အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၂၀၂၆ ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 04,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြန်မာ့အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း (၁၃၈/၇) မိုင်အနီး၊ ဗောဓိကုန်း-ချင်းကုန်းကုန်ထုတ်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
242
Page
243
Page
244
Page
245
Current page
246
Page
247
Page
248
Page
249
Page
250
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department