Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ငါန်းဇွန်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Nov 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၉နာရီအချိန်မှစ၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနား ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင် များဖြန့်ဝေ
Nov 28,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်းကျင်းပ
Nov 28,2021
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လတွင် ဆောင်ရွက်မည့်ကျေးလက် ရေပေးရေးလုပ်ငန်းများ ရှင်းလင်းဆောင်ရွက်
Nov 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ် (၆)လတွင် ဆောင်ရွက်မည့်ကျေးလက် ရေးပေးရေးလုပ်ငန်းများအား ချပြရှင်းလင်းခြင်းကို ယမန်နေ့၊ နေ့လယ်၂နာရီခွဲကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်ကအမှာစကားပြောကြား ရာတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်(၆) လတွင် ကျေးလက်ရေပေးရေးလုပ်ငန်းများအတွက် တာဝန်ယူ ဆောင်ရွက်မည့်ကုမ္ပဏီများအနေဖြင့် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများအရည်အသွေးပြည့်မီရေး နှင့်အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့ မြို့မဈေးမီးဘေးအန္တရာယ် ကင်းဝေးစေရေး ဈေးဆိုင်များအား စစ်ဆေး
Nov 28,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့ မြို့မဈေး မီးဘေးအန္တရာယ်ကင်းဝေးရေးအတွက် ဈေးဆိုင်များအား စစ်ဆေးခြင်း နှင့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ညပိုင်းက မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ကျေးရွာများ သို့ ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 28,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာအုပ်စု ရွှေဝါကျေးရွာ၊ စံပြကျေးရွာ၊ ဖောင်ဆိပ်နှင့် အမှတ်(၁၄၅) စသည့် များတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအား ယမန်နေ့က ရွှေဝါကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း စုရပ်နေရာ၌ ကွင်းဆင်း၍ စတုတ္ထအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် လက်ပံတံခါး မီးသတ်နယ်မြေစခန်းဆောက်လုပ်ပြီးစီးမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး
Nov 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်လက်ပံတံခါးကျေးရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အထွေထွေရန်ပုံငွေစာရင်း(GRF)မှမင်းလှမြို့နယ် လက်ပံတံခါး မီးသတ် နယ်မြေ စခန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များကယမန်နေ့နံနက် ၉နာရီ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်မြို့ အောက်ဆီဂျင် စက်ရုံဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောက်ဆီဂျင် စက်ရုံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါစက်ရုံရှေ့ အောက်ဆီဂျင် ဖြန့်ဝေရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24053
Page
24054
Page
24055
Page
24056
Current page
24057
Page
24058
Page
24059
Page
24060
Page
24061
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department