Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 18,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေ ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက တာကြန့် ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာတို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၂ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြား ပေးလျက်ရှိရာ မိုးရာသီကာလ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jun 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက ရွာသစ်ရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ နေအိမ်များ ခြံဝန်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးဆောင်မှု ဖြင့် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jun 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၇)နာရီက စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 18,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မိတ္ထီလာမြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်းဘေးဝဲယာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တုံတာမြို့၌ မူးယစ်ဆေးဝါး အသိပညာပေး Talk Show ဆောင်ရွက်
Jun 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ မူးယစ်ဆေးဝါး အသိပညာပေး Talk Show ရိုက်ကူးဆောင်ရွက်မှု အစီအစဉ်ကို ယနေ့ နံနက်(၉)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာတွင် စတုတ္ထနှစ်စက်ဝန်း မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေးး
Jun 18,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက် ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းဝင်အသင်းသားများကို စတုတ္ထနှစ်စက်ဝန်း မြစိမ်းရောင် စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20264
Page
20265
Page
20266
Page
20267
Current page
20268
Page
20269
Page
20270
Page
20271
Page
20272
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department