အမြို့မြို့အနယ်နယ်သတင်းများ

Jun 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ်အတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း-ခွဲ (မိုင်းကိုင်)သို့ ကွင်းဆင်း၍ နယ်လှည့်ဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်ခဲ့ကြသည်။
Jun 20,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့စာကြည့်တိုက်များအခန်းကဏ္ဍမြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမြှင့်မားရေးအတွက် သမားရိုးကျစာကြည့်တိုက်လုပ်ငန်းစနစ်မှ Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးe-Library Management System Software အသုံးပြုနည်းသင်တန်း (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ကျင်းပသည်။
Jun 20,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ မိုးစပါး RS-CS မျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုးသရုပ်ပြခြင်း ဝက်လှကြီးအုပ်စု၊ ညောင်နီကုန်းကျေးရွာအနီး ကွင်းအမှတ်(၁၁၀၄)၊ တောင်သူဦး ထွန်းဇော်၏ လယ်မြေ (၁၀) ဧက၌ ယမန်နေ့လည် ၃ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
Jun 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း အစေ့ထုတ်ပြောင်းစိုက်ပျိုးမှု ယခင်နှစ်ကထက်များပြားကြောင်း ပြောင်းစိုက်တောင်သူတစ်ဦး ထံမှ သိရသည်။
Jun 20,2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ တိုင်းခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလာသောအဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ကြို့ပင်ကောက်မြို့၊ ပြည်သူ့ဆေးရုံတွင်တက်ရောက်၍ ဆေးဝါးကုသမှုခံယူနေသော
Jun 20,2022
ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကိုကျန်းမာပျော်ရွှင်စွာ သင်ကြားနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား၊ သူ(၄၀၂)ဦးအား Vero Cell ကာကွယ်ဆေးများကို (ပထအကြိမ်)အဖြစ် အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်ခန့်က  ကျောင်းသား/သူများအား  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စစ်ဘိုကြီးကျေးရွာအုပ်စု၊ ရေလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက်သင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။