အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2022
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် အိုမီခရွန် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေးနှိုးဆော် ကြေညာခြင်းကို ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇွန် (၂၇)ရက်နေ့ နံနက်ပိုင်းက Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 27,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ ခုနှစ် ဇွန်လ (၂၇) ရက်နေ့တွင် ကျရောက်သည့် "ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့" အထိမ်းအမှတ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံ နက်(၈)နာရီက တနိုင်းမြို့အဝင်၊ လီဒိုလမ်းမကြီးဘေး၌ ဆောင်ရွက်ခဲ့ကြသည်။
Jun 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်
Jun 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း (၁၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာဓမ္မာနုဂ္ဂဟ စာမေး/စာပြန်ပွဲတော် ဆုနှင်းသဘင်အခမ်းအနား ပြုလုပ်ခြင်းကို ဇွန်လ ၂၅ ရက်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၅)ရက်ကွက်၊ ကေဝလမာရ်အောင်ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်)စက်ဝန်းတွင်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ပညာရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများအား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်း၌ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ အစိုးရနှင့် ပုဂ္ဂလိကရုံးဌာနများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ စျေးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ အခြားအများနှင့် သက်ဆိုင်သောနေရာများ၊ ရပ်ကွက်များရှိ လူနေအိမ်များ၊ လမ်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို နေ့စဉ်ဦးစားပေးအစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။