Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Jun 28,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများ၊ ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသော ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း…
Jun 28,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများ၊ ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသော ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား (Booster Doses) ထပ်ဆောင်းကာကွယ်ဆေးကို ယနေ့ နံနက်(၉)နာရီမှ မွန်းလွဲ (၁)နာရီအထိ ကာမိုင်းမြို့တိုက်နယ်ပြည်သူဆေးရုံး၌ ထိုးနှံ ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လက်ပံတန်းဘဏ်ခွဲမှ ၂ဝ၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပြီးစီး
Jun 28,2022
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ လက်ပံတန်းမြို့နယ်အတွင်း တောင်သူများသို့ ထုတ်ချေးခဲ့သည့် နှစ်စဉ်ရာသီအလိုက်ချေးငွေများအနက် တောင်သူများ၏ ဆန္ဒအလျောက် ချေးယူထားသည့်မည်သည့်ချေးငွေမဆို အပြေအကျေပေးဆပ်ပြီးသည့် တောင်သူများသို့ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေ ၃၀ ရက်မှစတင်၍ ထုတ်ချေးပေးခဲ့ရာ အချိန်စေ့လွန်ချေးငွေများ ပြေကျေအောင် ပေးဆပ်ပြီးသည့် တောင်သူများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပိုင်ဆိုင်မှု မှန်ကန်ပြီး ငွေချေးစည်းကမ်းသတ်မှတ်ချက်များနှင့် ညီညွတ်ပါက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်အထိ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာ၀တီခရိုင်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 28,2022
၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်သူများအား မြစိမ်းရောင်စီမံကိန်းရန်ပု…
Jun 28,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၇၉၀ ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများထုတ် ချေးခြင်းကို ဇွန်လ ၂၆ ရက်နေ့က အဆိုပါကျေးရွာများတွင်ကွင်းဆင်း၍ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်တွင် ၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ နေဗီယာမြက် စိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက ဆယ့်နှစ်ရွာကျေးရွာ တောင်သူ ဦးသန်းထိုက်အောင်၏ သရုပ်ပြစိုက်ခင်း လယ်မြေ (၀.၆) ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒဂုံမြို့နယ်တွင် ဆက်လက်ထိုးနှံ
Jun 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ရွှေပြည်ပါကျန်းမာရေးဝန်ထမ်း ၁၄ ဦးတို့က ယနေ့နံနက် ၈:၃၀ နာရီ အချိန်ကစ၍ ရွှေတိဂုံစေတီတော်နှင့် အိမ်တော်ရာ စေတီတော်ဝင်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အဖွဲ့နှစ်ဖွဲ့ခွဲ၍ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20146
Page
20147
Page
20148
Page
20149
Current page
20150
Page
20151
Page
20152
Page
20153
Page
20154
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department