Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာ
Jun 28,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ် သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား(၉၀)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ အသက်၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်…
Jun 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် အသက် ၂နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ကျန်းမာသန်စွမ်းရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက် ကျွေးခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများတို့က ယနေ့နံနက်(၉) နာရီ အချိန်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် Community Centreခန်းမတွင် Book Club/ Youth Clubများက စာဖတ်ဝိုင်းပြုလုပ်
Jun 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ၊လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက ၂၀၂၂ခုနှစ်၊ ဧပြီလထုတ်သုတအလင်းမဂ္ဂဇင်းစာအုပ်အား ယနေ့နံနက် (၁၀) နာရီအချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးခရိုင်အဆင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် နတ်မောက်မြို့နယ်မှ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအ…
Jun 28,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အဆင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် နတ်မောက်မြို့နယ်မှ ပြိုင်ပွဲသို့ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် ငွေတောင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ဆောင်ရွက်ရန်အတွက် ကွင်းဆင်းဆောင်ရွက်
Jun 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီး၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ထိရောက်အောင်မြင်စေရန်၊ ကျေးရွာလူထုကိုစည်းရုံးလှုံ့ဆော်စည်းရုံးနိုင်စေရန်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်၏ အခန်းကဏ္ဍကို သိရှိနားလည်ပြီးကျင့်သုံးတတ်လာစေရန်ရည်ရွယ်၍ ငွေတောင်ကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)ဆောင်ရွက်ရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများကကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းခြင်း ဆောင်ရွက်
Jun 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ် ဇီးဖြူသောင်ကျေးရွာ၌ မိုးစပါးကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနား ကျင်းပ
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ဇီးဖြူသောင်ကျေးရွာ၌ တောင်သူ ဦးမင်းယုချို၏ ကွင်းအမှတ် (၃၈၆/ခ) လယ်မြေတွင် ကောက်စိုက်စက်ဖြင့်တောင်သူများ လက်တွေ့သရုပ်ပြမောင်းနှင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20139
Page
20140
Page
20141
Page
20142
Current page
20143
Page
20144
Page
20145
Page
20146
Page
20147
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department