Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြင်းခြံမြို့နယ်၌ ယူးရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jun 28,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် မြေဩဇာများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရန်ရည်ရွယ်၍ ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့နေ့လည်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် မြန်မာ့ဂီတနေ့ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Jun 28,2022
၂၀၂၂ ခုနှစ် ယမန်နေ့တွင် ကျရောက်ခဲ့သည့် မြန်မာ့ဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ နိုင်ငံ ဂီတအစည်းအရုံး(တာမွေမြို့နယ်)မှ စီစဉ်ကျင်းပသော “မြန်မာ့ဂီတနေ့” ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် ဓမ္မဒါနလမ်းရှိ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဂီတအလင်္ကာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တကောင်းမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ငှားရမ်းပေး
Jun 28,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရှေးဟောင်းသုတေသနပြတိုက်သို့ သွားရောက်၍ ဝန်ထမ်းများအား စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာအုပ်စာစောင် ခင်းကျင်းပြသ
Jun 28,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်းကာ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းလုပ်ငန်းကို ယနေ့နေ့လည် ၁၂နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ စားသုံးဆီ တစ်ပိဿာလျှင် ၆၂၀၀ကျပ်နှုန်းဖြင့် ၁၁၀၀ ပိဿာ ရောင်းချပေး
Jun 28,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် အခြေခံစားသောက် ကုန်ဖြစ်သော စားသုံးဆီ ပိဿာ(၁၁၀၀)ကို တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ယနေ့နံနက်ပိုင်းက မြို့မဈေး အရှေ့ဘက်ရှိ ဦးကျော်ဇော ကုန်စုံဆိုင်မှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်တွင် တိရစ္ဆာန်များ အစားအစာဖူလုံမှုရရှိစေရေးအတွက် နေဗီယာမြက် ၀.၁၃ ဧက စိုက်ပျိုးထားရှိ
Jun 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် တိရစ္ဆာန်များ အစားအစာဖူလုံမှုရရှိစေရေးအတွက် နေဗီယာမြက်ပင် ၀.၁၃ဧက အား စိုက်ပျိုးထားသောစိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်၌ ဆီထွက်သီးနှံမိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တောင်သူများ၏လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံမိုးနှမ်းများ အောင်မြင်ဖြစ်ထွန်း ကြောင်း ဒေသခံတောင်သူများထံမှသိရသည်။ တောင်သူများအနေဖြင့် ဆီထွက်သီးနှံ မိုးနှမ်းအပြင် မြေပဲနှင့်နေကြာကိုလည်း သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထား ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ လယ်ယာမြေစီမံ ခန့်ခွဲမှု့အဖွဲ့နှင့်လမ်းမကြီးများဘေး တရားမဝင်ကျူးကျော် ဝင်ရောက်နေထိုင်သူများ တွေ့ဆုံ
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု့ အဖွဲ့နှင့် လမ်းမကြီးများဘေး တရားမဝင်ကျူးကျော်ဝင်ရောက် နေထိုင်သူများ တွေ့ဆုံပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁)ဗိုလ်မှုး ဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းဦးတို့တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20134
Page
20135
Page
20136
Page
20137
Current page
20138
Page
20139
Page
20140
Page
20141
Page
20142
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department