အမြို့မြို့အနယ်နယ်သတင်းများ

Jul 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူ့ဆေး ရုံကြီး၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့ဆေးရုံကြီးအတွက် အထောက်အကူပြုအောက်ဆီဂျင်စက်(Oxygen Concentrator )နှင့် ဆက်စပ်ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jul 05,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦစီးဌာနအနေဖြင့် ဆေးခင်းကြီးကြိုးပြင်ကာကွယ်တောတွင် ပျိုးပင်ပေါင်း(၃)သောင်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
Jul 05,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရို်င၊ မိုးကောင်းမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင်(၅)ရက် နံနက်(၉)နာရီတွင် အဆိုပါ ဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 05,2022
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသသို့ မသန်စွမ်းသူများ အတားအဆီးမဲ့ ဘုရားဖူးခရီးသွားလာနိုင်ရေး စစ်ကိုင်းဒေသ‌ခရီးစဉ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းရှင်အသင်း(စစ်ကိုင်း)မှ ဝှီးချဲများနှင့် ဝင်ထွက်လမ်းများ ပြုပြင်ရေးအတွက် လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင်(၅)ရက်၊ နံနက်ပိုင်းက အဆိုပါဒေသရှိ သမိုင်းဝင်လေးဌာန ထိန်းသိမ်းစောင့်ရှောက်ရေးဂေါပက အဖွဲ့ရုံးအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 05,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဆရာ/မများနှင့် ကျောင်းသား/သူများအား သဘဝဘေးအန္တရာယ်များ သိရှိနိုင်ရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။
Jul 05,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဝါကရူကျေးရွာရှိ ကံကောင်းခြင်းရတနာသစ်ပါးလွှာ အထပ်သားစက်ရုံ၌ ပြုလုပ်သည်။
Jul 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၈)လမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်ကစတင်၍ သရက် ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။