မိတ္ထီလာ ဇူလိုင် ၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဒု-လက်ထောက်ကြီးကြပ်ရေးမှူး(တွဲမှတ်) သင်တန်းအမှတ်စဉ်(၄၅/၂၀၂၂)နှင့် စာတိုက်စစ်ဆေးရေး သင်တန်းများအမှတ်စဉ်(၆/၂၀၂၂)တို့၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီးဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။ ၎င်းသင်တန်းများတွင် သင်တန်းသား၊ သင်တန်းသူ ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)