အမြို့မြို့အနယ်နယ်သတင်းများ

Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးလာစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မိုးရာသီအဆင့်မြင့် အားကစားသင်တန်းကို ဇူလိုင် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အ.ထ.က (၁) ကျောင်း အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Jul 05,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးသည် သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က သဲကုန်းမြို့နယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 05,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းနေအရွယ် ကလေးငယ်များအားလုံးကို ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်နှင့် ပထမအကြိမ် ထိုးနှံပြီးသူများအား  ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အထက(မယ်စဲ့)၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 05,2022
ဒေသခံပြည်သူများ သွားလာရေး လွယ်ကူစေရန်နှင့် ကုန်ထုတ်လုပ်မှု လွယ်ကူစေရန်အတွက်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပေါင်းတည်စု-တိမ်မြှုပ်ကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အခြေအနေအား သာယာဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးသန်းလွင်မှ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ စက်မှုလယ်ယာစခန်း(ဆွယ်) အင်္ဂပူမြို့မှ KUBOTA ကောက်စိုက်စက် (၆-တန်းသွား)ဖြင့် သရုပ်ပြ ကောက်စိုက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မဲဇလီကုန်း မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဧက(၁၀၀)စိုက်ခင်းရှိ တောင်သူ ဦးဝင်းထိန်၏ (၁.၅)ဧကကွက်တွင် ပြုလုပ် ခဲ့သည်။
Jul 05,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ တောပြားအုပ်စုအိုရင်းကျေးရွာတွင် ယနေ့နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးပြီး တောင်သူများအား နေကြာသီးနှံမျိုးစေ့ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Jul 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေးကျေးရွာအုပ်စု၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 05,2022
''ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့'' ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှအသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာအဆင့်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန် အောင်မြို့၊ အခြေခံပညာအထက်‌တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။