Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နတ်မောက်မြို့တွင် မိုးခေါ်သည့် လွန်ဆွဲပွဲများ ကျင်းပ
Jul 08,2022
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ခုဖြစ်သည့် နတ်မောက်မြို့နယ်သည် ဇွန်လဆန်းမှစ၍ လကုန်အထိ မိုးရွာသွန်းမှု မရှိသလောက် နည်းပါးခဲ့သည်။ မိုးရွာသွန်းမှု နည်းပါးသဖြင့် ပူပြင်း ခြောက်သွေ့လျက်ရှိပြီး အများပြည်သူများ၏ လူမှုပတ်ဝန်းကျင်တွင် စိတ်မပျော်မရွှင်ဖြစ်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်ကျက်သရေဆောင် “သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး” တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းခြင်း ညှိနှိုင်းအစည်းအဝေးကျင်း…
Jul 08,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်ခြေရင်း၌ တည်ဆောက်လျက်ရှိသော ပြည်နယ်ကျက်သရေဆောင် “သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး” တည်ဆောက်ပြီးစီးနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်း အလှူခံရရှိရေးနှင့်ကော်မတီဖွဲ့စည်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့မ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ကဗျာပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 08,2022
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်းစုံ ကဗျာပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jul 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဌာနဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လစဉ်ပုံမှန်၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၍၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ဒုတိယနေ့အဖြစ် ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jul 08,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ရုံးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့ပေါ်(၈)ရပ်ကွက်ရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ဒုတိယနေ့အဖြစ် ပုံမှန်ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်များအား အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Jul 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း သာသနာ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စွမ်းစွမ်း တစ်မံ ဆောင်ရွက်နိုင်စေရန်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ လစ်လပ်လျက်ရှိသော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်(၃)ပါးအား အစားထိုးရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က လှိုင်းဘွဲမြို့မကျောင်းကြီး ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မုံရွာမြို့ပေါ်ရှိ ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်စိမ်းများနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှ…
Jul 08,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး ဒေါ်မြင့်မြင့်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြောင်ပန်းဓမ္မာရုံ ကျောင်းတိုက်ရှိ ဓမ္မရုံကြီးတွင် ပုဗ္ဗာရုံကျောင်းတိုက်၊ ဘုရားနီမြအုဋ်ကျောင်းတိုက်၊ မစိုးရတိုက်သစ်ကျောင်းတိုက်၊ သုတာရာမဓမ္မာရုံကျောင်းတိုက်နှင့် ကြောင်ပန်းဓမ္မာရုံ ကျောင်းတိုက်များရှိ ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ကြာဇံ၊ ပဲ၊ ဆား အမယ်ငါးမျိုးနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်၌ နွေနှမ်းပေါ်ချိန် စမုံနက်နှမ်း တစ်တင်းကို ကျပ် ၈၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းပိုရ
Jul 08,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နွေနှမ်းများ လှိုင်လှိုင်ပေါ်ချိန် စမုံနက် နှမ်းတစ်တင်းကို ကျပ် ၈၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိကာ ရောင်းချ နေရသည့်အတွက် နှမ်းရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20041
Page
20042
Page
20043
Page
20044
Current page
20045
Page
20046
Page
20047
Page
20048
Page
20049
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department