Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေး နည်းပညာပေးဆွေးနွေး ဆောင်ရွက်
Jul 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့်ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့ နံနက်က ပေါက်တုံးအိုင်ကျေးရွာသို့ ကွင်းဆင်း၍နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် မြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရေဘေးပညာပေးစာစောင်များ ဖြန့်ဝေပေး
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြစ်ရေမြင့်တက်လာမှုကြောင့် ပြည်သူ များ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရေဘေးပညာပေး စာစောင်များကို ယနေ့ နံနက် ၇ နာရီခွဲအချိန်မှ စတင်၍ သီရိရွှေသာဈေး၊ လူစည်ကားရာနေရာလမ်း၊ ရေဆိပ် များ၊ ခရီးသွားလာတို့ကို လက်ကမ်းဖြန့်ဝေပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်တွင် လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အသင်းသား မိသားစုဝင်များအား ဂုဏ်ပြုငွေများပေးအပ်
Jul 08,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လမ်းပြကြယ်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အသင်းသားမိသားစုဝင်များနှင့် ထူးချွန်စွာပညာသင်ကြားပေးခဲ့သော အသင်းဝင်ဆရာဆရာမများအား
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ဒုတိယအကြိမ်ထိုးနှံ
Jul 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉:၀၀)နာရီကစ၍ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၉) နာရီခွဲအချိန် က ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့ မြို့မကျောင်းကြီးဆရာတော် ဥတုဇ ရုပ်ကလပ်တော်အား မာန်အောင်မြို့သို့ ပင့်ဆောင် ရောက်ရှိ
Jul 08,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီး ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဣဿရိယ သက်တော် (၇၇)၊ ဝါတော်(၅၇)၏ ဥတုဇ ရုပ်ကလပ်တော်အား ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အောင်သပြေတောရ ပရိယတ္တိစာသင်တိုက်မှ ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီးသို့ ပြန်လည် ပင့်ဆောင်လာရာ ယနေ့ နံနက်၉ နာရီခွဲက မာန်အောင်မြို့ မြို့မဆိပ်ကမ်းသို့ ရောက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jul 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ…
Jul 08,2022
စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20033
Page
20034
Page
20035
Page
20036
Current page
20037
Page
20038
Page
20039
Page
20040
Page
20041
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department