အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)တွင် ‌ယနေ့ နံနက် ၉ နာရီက ရေဖြူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့က ဦးဆောင်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးစာ အတွေ့အကြုံ ရှင်းလင်းခြင်းနှင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ကြောင်းသိရသည်။
Jul 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်
Jul 08,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ပြည်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်း၊‌ ပေါက်ခေါင်းမြို့နယ်‌ ကျေးလက်ဦးစီးမှူး ဦး‌ဌေးဇော်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Jul 08,2022
ရှမ်းပြည်နယ်( တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများတို့က ဝါဆိုသင်္ကန်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးဝင်းမြိုင်သည် ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့်၊ ပုသိမ်ခရိုင်တရားသူကြီး ဒေါ်လှိုင်လှိုင်ဝေတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်အကျဉ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင် တာဝန်ခံ အရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။
Jul 08,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ထန်းတပင်မြို့ အခြေခံပညာအထက်တန်းကျောင်းပင်လုံခန်းမ၌ “ကလေးသူငယ်အခွင့်အရေးကိုယ်တိုင် သိရှိနားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
Jul 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
Jul 08,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ယနေ့ ည (၁၂) နာရီခန့်က မိုးနှင့် လေပြင်းများ တိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးသွားသည့် သစ်ပင်၊ သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက် ၇ နာရီက ဝိုင်းမော်-မြစ်ကြီးနားသို့ သွားသည့်ကားလမ်းအပိုင်းတွင် ဆောင်ရွက်ခဲ့သည်။