Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Dec 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေး နွေးပွဲကို ယမန်နေ့ မွန်းလွဲ၁ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး
Dec 18,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ မြန်မာနိုင်ငံသားများ ဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီလုံးဆူကျေးရွာရှိ ဒေသခံပြည်သူများသို့ အခမဲ့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပရေး ပန်းခြံအဆင့်မြင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်
Dec 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပ စိမ်းလန်းစေရန် စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ရွှေဝါနဒီပန်းခြံအဆင့်မြင့်တင်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုများ လျော့နည်းကျဆင်းလာ
Dec 18,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှု ကြောင့် ဆည်အောက်ရှိတောင်သူများ စိုက်ပျိုးရေးအတွက်မှီခိုအားထားရသည့် နတ်မောက် ရေလှောင်တမံတွင် မိုးရေ ဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ (ဒဿမ ၀၂)ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Dec 18,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှု လုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် New Learning Centre Private School မှ ကျောင်းသား အားကစားပွဲတော် ကျင်းပပြုလုပ်
Dec 18,2021
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် New Learning Centre Private School ရှိ ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံခိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံသားများဖြစ်လာစေရန် ရည်ရွယ်၍ ကျောင်းသား အားကစားပွဲကို ယနေ့နံနက်(၇)နာရီအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပပြု လုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများအား ပြသဆောင်ရ…
Dec 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့် အသိပညာဗဟုသုတများ အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံအား ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့ စည်ပင်သာယာမြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Dec 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ စည်ပင်သာယာမြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19628
Page
19629
Page
19630
Page
19631
Current page
19632
Page
19633
Page
19634
Page
19635
Page
19636
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department