အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ်များ အတွက် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ပြည်သူ့စာကြည့်တိုက် Page များတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက် ပေးလျက်ရှိပါသည်။
Dec 27,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံးတွင်  ၂၀၂၂ခုနှစ်၊  ဇန်နဝါရီလ(၄) ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲ၊ ရွှင်ပွဲနှင့်ပြိုင်ပွဲများကို   ယနေ့ နံနက်(၉)နာရီအချိန်က   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်ကျင်းပခဲ့ကြောင်းသိရသည်။
Dec 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကရဝိက်ခန်းမ တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရခြင်း ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး Sinopharm ကို ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ နားယောင်းကျေးရွာ အုပ်စုအတွင်း ဆေးထိုးစုရပ် (၄) နေရာတွင် အသက် ၁၈ နှစ်အထက်ရှိ သံဃာတော်များနှင့် ပြည်သူများအား ကာကွယ်​ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
Dec 27,2021
ပျော်ဘွယ်မြို့နယ်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းတို့သည် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်(omicron)ရောဂါပိုးအား သတိပြုကာကွယ်နိုင်စေရန်အတွက်အသိပညာ ပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက ရွှေပြည်ရန်အောင်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။