တောင်သာ ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံးတွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲ၊ ရွှင်ပွဲနှင့်ပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်ကျင်းပခဲ့ကြောင်းသိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ ကျရောက်မည့့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ပျော်ပွဲ၊ ရွှင်ပွဲနှင့် ပြိုင်ပွဲများ၊ နံရံကပ် ပြဘုတ်များ ပြသခြင်း၊ စာအုပ်များ ပြသခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများနှင့် ဆုရရှိသူများအား ဆုများချီမြှင့် ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)