Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့သစ်တွင်မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်
Oct 11,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား အသက်မွေးဝမ်းကျောင်းပြုကြပြီး ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းစေတီပုတိုးနှင့် တန်ခိုးကြီးဘုရားများရှိကာ ဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိရာ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ဦးလမ်းနှင့် မြို့ပတ်လမ်းလမ်းဘေးဝဲယာ တစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့တွင် သီတင်းကျွတ်ကလ အခါသယမ၌ ဆီမီးပူဇော်ခြင်းနှင့် မီးထွန်းပွဲများကျင်းပ
Oct 11,2022
တံတားဦးခရိုင် တံတားဦးမြို့တွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် အထွဋ်အမြတ်ထားသည့် သီတင်းကျွတ်လပြည့်နေ့နှင့် လပြည်ကျော် (၁)ရက်နေ့တို့တွင် ဘုရားစေတီပုထိုးများ၊ ကျောင်းကန်များတွင် ဆီမီးပူဇော်ခြင်းနှင့် မီးထွန်းပွဲများ ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ နယ်မြေအလိုက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရှမ်းရိုးရာယဉ်ကျေးမှုအကြောင်းဆွေးနွေးပွဲနှင့် ရှမ်းသိုင်းအက သရုပ်ပြပွဲကျင်းပ
Oct 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့မနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍ ရှမ်းရိုးရာယဉ်ကျေးမှုအကြောင်း ဆွေးနွေးပွဲနှင့် ရှမ်းသိုင်းအက သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်လုပ်သားပြည်သူများ၊ ဖောင်းမိန်းကျေးရွာ ကျေးလက်နေပြည်သူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ပဲစင်းငုံသီးညှပ်သီးသန့်များ သတ်မှတ်လျာထားချက်ထက် တိုးချဲ့စိုက်ပျိုး
Oct 11,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ပဲစင်းငုံသီးညှပ် သီးသန့်များ သတ်မှတ်လျာထားချက်ထက် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် မယ်ဇလီကုန်းကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများပြန်လည် ထုတ်ချေးပေးခြင်း ဆောင်ရွက်
Oct 11,2022
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် Mask Campaign လုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 11,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်ကြောင်းကြီး ၅ ကြောင်းမှ လူမှုရေးအဖွဲ့ခေါင်းဆောင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီခွဲက မြို့မဈေးကြီးလမ်းဆုံနှင့် လမ်းမတစ်လျှောက် ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရေး Mask Campaign နှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံနှင့် စပ်လျဉ်း၍ အသိပေးစတေကာများ ဖြန့်ဝေ
Oct 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ နှင့်စပ်လျဉ်း၍ အခက်အခဲများရှိပါက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများသို့သွားရောက် ဖြေရှင်းနိုင်ကြောင်း မိဘပြည်သူများအား အသိပေးစတေကာများကို ယနေ့နံနက်(၉)နာရီအချိန်က အနော်ရထာလမ်းမကြီးနှင့် လူစည်ကားရာနေရာများတွင် တတိယအကြိမ် ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18519
Page
18520
Page
18521
Page
18522
Current page
18523
Page
18524
Page
18525
Page
18526
Page
18527
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department