Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ ဆီးမီး(၉၉၀၀)မီးပူဇော်ပွဲကျင်းပ
Oct 11,2022
သီတင်းကျွတ်လပြည့်ကျော်(၁)ရက်၊ ယမန်နေ့ညနေ ၆ နာရီတွင် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးအား ဆီးမီး(၉၉၀၀) မီးပူဇော်ပွဲကျင်းပရာ စေတီတော်ရင်ပြင်၌ ဒေသတွင်းနှင့်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်ရုံးပိတ်ရက်များတွင် သမိုင်းဝင်ဆံတော်ရှင် ဒေးစွန်ပါစေတီတော်မြတ်၌ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ မိုးယွန်းကြီးအင်း ဘ…
Oct 11,2022
၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်၊ ယမန်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအုပ်စုရှိ ဆုတောင်းပြည့်သမိုင်းဝင်ဆံတော်ရှင် ဒေးစွန်ပါစေတီတော်မြတ်ကြီးတွင် ဘုရားဖူးအများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိပြီး မိုးယွန်းကြီးအင်းဘေးမဲ့တောနှင့် ဝင်္ဂဘော်ဆင်စခန်း အပန်းဖြေနေရာများ၌လည်း ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်
Oct 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယာဉ်ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်များအား သတ်မှတ်နှုန်းထားအတိုင်း မောင်းနှင်ရေး ပညာပေးခြင်း ယာဉ်အန္တရာယ်ကင်းရှင်း ရေးအတွက် စည်းကမ်းပျက်ယာဉ်များ ဦးထုပ်မဆောင်း ဘဲ ဆိုင်ကယ်စီးနင်းသူများအား ဖမ်းဆီးအရေးယူရန်နှင့် ခရီးသွားယာဉ်ပေါ်၌ စီးနင်းလိုက်ပါသူများအား မှတ်ပုံတင်စစ်ဆေးခြင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ မောင်းနှင်နိုင်စေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ပုသိမ်-မုံရွာ ကားလမ်းမ မြို့အဝင်တို့တွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ (၁ ဒဿမ ၀၀) ပေခန့်ရေကျော်ကျ
Oct 11,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက်(၆) နာရီအချိန် တိုင်းထွာချက်အရ (၁ ဒဿမ ၀၀) ပေခန့် ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ
Oct 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကောက်ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်းကျေးရွာ တောင်သူ ဦးအုန်းသိန်း၏ လယ်မြေ၊ ကွင်းအမှတ် ၃၆၂၊ ဦးပိုင်အမှတ် ၁၃/၉၊ စိုက်ဧက(၁၀)ဧက အနက် ၀.၁၀ ဧက၌ ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယ်ဘန်ကောက်ကျေးရွာ ကျောင်းတိုက်တွင် သီတင်းကျွတ်လဆုတ်(၁)ရက်နေ့၌ ကုသိုလ်ဒါနပြုကြသူမျာ…
Oct 11,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ဇယ်ဘန်ကောက်ကျေးရွာကျောင်းတိုက်၌ သီတင်းကျွတ်လဆုတ်(၁)ရက်နေ့တွင် သီလဆောက်တည်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းမှုများ ကျောင်းတိုက်တွင် ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ် လှူဒါန်းသူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် ညောင်ကုန်းကျေးရွာမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား (၇)ကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး
Oct 11,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ညောင်ကုန်းကျေးရွာတွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား (၇)ကြိမ်မြောက် မြစိမ် းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက်က အဆိုပါ ကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ် ဆက်သွယ်ကျေးရွာတွင် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Oct 11,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ဆက်သွယ်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18467
Page
18468
Page
18469
Page
18470
Current page
18471
Page
18472
Page
18473
Page
18474
Page
18475
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department