Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာကျင်းပရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင်လှူပွဲတော်ကို သီတင်းကျွတ်တပြည့်နေ့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၉)နေ့တွင် ရွှေသာလျောင်း ဆုတောင်းပြည့်ဘုရားကြီးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆင်အကအလှပြိုင်ပွဲကို ၁၃၈၄ ခုနစ်၊ သီတင်းကျွတ်လပြည့်ကျော်(၁၃)ရက်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၂၂)နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်ရပ်ကွက်များအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Oct 11,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအားလူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် ရပ်ကွက်များအတွင်းရှိ အဘိုးအဘွားများအား သွားရောက်ထောက်ပံ့ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ ပညာသင်နှစ်၊ ထားဝယ်တက္ကသိုလ်၊ သမိုင်းမိသားစု၏ မြတ်ဆရာပူဇော်ပွဲအခမ်းအနားကျင်းပ
Oct 11,2022
၂၀၂၂ ပညာသင်နှစ်၊ ထားဝယ်တက္ကသိုလ်၊ သမိုင်းမိသားစု၏ မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လမ်းသွား၊ လမ်းလာပြည်သူများများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Oct 11,2022
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တံခွန်တိုင်အဝိုင်းပတ်နှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့ သီတင်းကျွတ်ရက်မြတ်နေ့များတွင် မြို့ပေါ်ရပ်ကွက်၊ ဘုရားများ၌ စဉ်ဆက်မပြတ် ဆီမီးထွန်းခြင်းများပြုလုပ်
Oct 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဝါလကင်းလွတ် သီတင်းကျွတ်ရက်မြတ်နေ့များ၌ မြိုပေါ်ရပ်ကွက်များ၊ ဘုရားများတွင် အစဉ်အလာမပြတ် ဆီမီးထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာ-တောင်ကြီးကားလမ်းမိုင်တိုင်အမှတ် ၁၆/၅ နှင့် ၁၆/၆ ကြားရှိ တံတားအမှတ် ၄/၁၇ တံတားချဉ်းကပ်လမ်း လမ်းတာဘောင်ရေတိုက်စားမှုဖြစ်ပွား …
Oct 11,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ငှက်မင်းကုန်းကျေးရွာအုပ်စု မိတ္ထီလာ-တောင်ကြီး ကားလမ်းမိုင်တိုင်အမှတ် ၁၆/၅ နှင့် ၁၆/၆ ကြားရှိ တံတားအမှတ် (၄/၁၇) ၁၀ ပေအရှည် ၂၈ ပေ အကျယ် ကျောက်စီကမ်းကပ်ခုံ RC Slab ကြမ်းခင်းတံတားချဉ်းကပ်လမ်း တောင်ကြီးဘက်ခြမ်း လမ်းယာဘက်ရှိ လမ်းတာဘောင် အလျား ၁၅ ပေ အကျယ် ၁၂ ပေ ရေတိုက်စားမှု အောက်တိုဘာ ၁၁ ရက်နံနက် ၆ နာရီခန့်က ဖြစ်ပွားကြောင်းမြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ မြစ်ကြီးနားမြို့ပေါ်ရှိ စိမ်းမြဧရာပန်းခြံနှင့် ပြည်သူ့ရင်ပြင်တို့တွင် ပြည်သူများ အေးချမ်းပျ…
Oct 11,2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ စိမ်းမြဧရာပန်းခြံနှင့် ပြည်သူ့ရင်ပြင်တို့တွင် လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့် အေးချမ်းပျော်ရွှင်လျက်ရှိသည့် အခြေအနေများကို စက်တင်ဘာ ၁၀ ရက်နေ့ ည ၆ နာရီက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်၌ တောင်သူများလက်ဝယ်အရောက် ဆောင်းသီးနှံ နေကြာမျိုးစေ့အိတ်များ ကွင်းဆင်းထောက်ပံ့ပေးအပ်
Oct 11,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိတောင်သူများ၏ လက်ဝယ်အရောက် ဆောင်းသီးနှံနေကြာမျိုးစေ့အိတ်ထောက်ပံ့ပေးအပ်ဖွဲ့ကို ယနေ့နံနက်ပိုင်းက တနော်ကျွန်ကျေးရွာ၊ အုတ်ဖိုကျေးရွာနှင့် နေ့လယ်ပိုင်းတွင် ဆပ်သွားချုံကျေးရွာ၊ အဗျားငှက်ချေးကွင်းကျေးရွာများသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18460
Page
18461
Page
18462
Page
18463
Current page
18464
Page
18465
Page
18466
Page
18467
Page
18468
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department