အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပဲတီစိမ်းစိုက်တောင်သူများ ဈေးနှုန်းရရှိခြင်းကြောင့်ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ပဲတီစိမ်းဆွတ်ခူးရောင်းချချိန် တစ်တင်းခြောက်သောင်းကျပ် ရောင်းချနေရခြင်းကြောင့် ပဲတီစိမ်းစိုက်ပျိုးတောင်သူများတွက်‌ခြေ ကိုက်နေကြကြောင်း ရှင်မိန်ကျေးရွာတောင်သူ ဦးခင်ဆောင်ကပြောကြားသည်။
Oct 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး “ဆီထွက်သီးနှံအကြောင်း သိကောင်းစရာ ” အသိပညာပေး ဆွေးနွေးပွဲ  (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Oct 12,2022
ရခိုင်ပြည်နယ်၊ ရ‌သေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်၁၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
Oct 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မိုးရာသီမိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (တတိယအကြိမ်) ယူရီးယားဓါတ်မြေသြဇာများ စျေးနှုန်းချိုသာစွာဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 12,2022
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှမတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်  စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Oct 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိပြီး ယခုအခါ မိသားစု  စားဝတ်နေရေးအတွက် တစ် ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် ဂေါ်ရခါးသီးတိုးချဲ့စိုက် ပျိုးသူများ အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ မိသားစု အပိုဝင်ငွေရရှိပြီး  အဆင်ပြေလျက်ရှိကြောင်း သိရသည်။