အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး အင်ဂျင်ပြုပြင်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာခန်းမ၌ ကျင်းပသည်။
Oct 12,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏  Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
Oct 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ သီတင်းကျွတ်ကျောင်းပိတ်ရက် အားလပ်ချိန်တွင် ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်ချက်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများ၏ ဆွမ်းသိမ်းပွဲကို တောင်ပိုင်းရပ်ကွက်၊ မဂ္ဂင်လမ်းရှိ (စနေပတ်) သံဃာဒါန ဆွမ်းလောင်းအသင်းကြီး၏ ဓမ္မာရုံတွင် ယနေ့ နံနက် (၅)နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆွမ်း​လောင်းအသင်းကြီး၏ အကျိုး​တော်​ဆောင်များနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြ သည်။
Oct 12,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကံတွင်းကျေးရွာအတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၅)ခုမှ အကြီးအကဲများက ကံတွင်းကျေးရွာ၊ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲပိုင်းက ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်းစီစဉ်မှုဖြင့် အ.ထ.ကကျောက်ကြီးကျောင်းနှင့် အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်းတို့တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအား ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Oct 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ် ဧပြီ၊ ​မေ၊ ဇွန်လအတွက် အကျုံးဝင်​သည့် ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက် ကလေးသူငယ်များ အား ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနတွင် ​ထောက်ပံ့ငွေ ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပန်းအလှပြင်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ခင်ဝင်းမာ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင်နှင့် အဖွဲ့ဝင်များနှင့် ပန်းအလှဆင်ခြင်းတွင် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။