အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံကျေးရွာ စစ်မှုထမ်းဟောင်းအိမ်ရာဝင်းတွင် မှီတင်းနေထိုင်လျက်ရှိကြသော စစ်မှုထမ်းဟောင်းမိသားစုဝင်များအတွက် သန့်ရှင်း၍ ဘေးကင်းသောသောက်သုံးရေ  ရရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့စီစဉ်ပေးမှုဖြင့် စက်ရေတွင်း ၁ တွင်း ကို အခမဲ့တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက ပဲခူး-ကဝလမ်းမကြီးနှင့် လူစည်ကားရာလမ်းဆုံတို့တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကိုကျင်းပလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက စိန်ချောင်းကျေးရွာတွင် ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့အား Clean City ဖြစ်လာစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ရပ်ကွက် နေပြည်သူများ စုပေါင်း၍ ပြည်တော်သာ ဝန်ထမ်းအိမ်ယာအတွင်း စုပေါင်းသန့်ရှင်းရေးအား ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်တွင်းစားသုံးဆီဖူလုံ ရန်အတွက် နေကြာစိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နေကြာဧက ၅ဝ စိုက်ပျိုးရန် တောင်သူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Oct 12,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်အဆင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်း(OSS)ရုံခန်းမတွင် ကျင်းပပြုလုပ်သည်။