အမြို့မြို့အနယ်နယ်သတင်းများ

Oct 10,2022
 ကရင်ပြည်နယ်၊  ဘားအံမြို့သည် တည်ငြိမ်အေးချမ်းလျက် ရှိပြီး ယမန်နေ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)တွင် ဘားအံမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများ၊ သာသနိက အဆောက်အအုံများတွင် ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ကပ်လှူပူဇော်ကြသူများ၊ ကောင်းမှုကုသိုလ် ပြုကြသူများဖြင့် အထူးစည်ကားလျက် ရှိသည်။
Oct 10,2022
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့သည်၊ ပုရိမဝါကပ်၍ ဝါကျိုး၊ ဝါပြတ်ခြင်း မရှိသည့် သံဃာတော်များ စုပေါင်း၍ပြုရသော သံဃာ့မဟာပဝါရဏာနေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည်။
Oct 10,2022
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တော်မြတ်ကြီးတွင်သီတင်းကျွတ်လပြည့်နေ့၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ (၁၀၀၀၀) ကျော် အေးချမ်းပျော်ရွှင်စွာဖြင့် ဘုရားလာရောက်ဖူးမျှော်လျက်ရှိကြောင်း သိရသည်။
Oct 10,2022
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘုရားစေတီများတွင် သီတင်းကျွတ်ပွဲတော်ကာလ လပြည့်နေ့ည (အဘိဓမ္မာအခါတော်နေ့)၌ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ ဘုရားဖူးကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
Oct 10,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရခိုင်ရိုးရာ အစဉ်အလာအတိုင်း ဆွမ်းဆန်တော်လောင်းလှူခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက တက်ရောက် ဆွမ်းဆန်တော်များ လောင်းလှူကြသည်။
Oct 10,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ယနေ့ညနေ့ ၆ နာရီအချိန်က မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခဲ့ကြသည်။
Oct 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးမြို့နယ်တွင် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက်(၈)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Oct 10,2022
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ နေ့ထူးနေ့မြတ်တွင် မိုးကုတ်မြို့နယ်ရှိ ဘုရားများတွင် ယမန်နေ့ညနေ (၆) အချိန်မှစ၍ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး  ပန်း၊ ဆီမီးများ ပူဇော်ထွန်းညှိကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြကြောင်းသိရှိရသည်။