Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လွိုင်လင်မြို့၌ (၉၃) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Oct 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ၁၃၈၄ ခုနှစ် ၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ ယနေ့မွန်းလွဲ ၁ နာရီက ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မိန်းလမ်းတစ်လျှောက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းတွင် ဆီမီးထွန်းညှိပူဇော်သူများဖြင့် စည်းကား
Oct 10,2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများနှင့် မြို့ပေါ်ရပ်ကွက်များ၌ အစဉ်အလာမပျက် ဆီမီးထွန်းညှိပူဇော်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၊ မဟာကမ္ဘောဇပြည်ငြိမ်းအေး စေတီတော်၌ ဆီမီးတစ်သောင်းထွန်းညှိ ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ
Oct 10,2022
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီတော်၌ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲအား (၁၃၈၄ ခု၊ သီတင်းကျွတ်လပြည့်နေ့၊ ညနေ (၆) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့ရှိ ဘုရား၊ စေတီပုထိုးများ၌ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုသူများဖြင့် စည်ကား
Oct 10,2022
ယမန်နေ့ ညပိုင်းတွင် သရက်ခရိုင် ကံမမြို့ရှိ ဘုရားစေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိပြီး ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ မြန်မာ့ရိုးရာရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေး
Oct 10,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေးအတွက် ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာများနှင့် အတတ်ပညာများ ပိုမိုထွန်းကားကျယ်ပြန့်စေရေး၊ ရက်ကန်းပညာရှင်များတိုးပွား လာစေရေးတို့အတွက် ရည်ရွယ်ကာ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးပင်စည်ကား
Oct 10,2022
ယနေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် အနယ်နယ်/ အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်
Oct 10,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ မိုးလုံ လေလုံအားကစားခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီအချိန်က ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်
Oct 10,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ဈေးများတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18424
Page
18425
Page
18426
Page
18427
Current page
18428
Page
18429
Page
18430
Page
18431
Page
18432
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department