အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2022
၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဝူရှူး(ထောက်လု/ဆန်းဆို) ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း Multipurpose Stadiumi ၌ နံနက်(၈)နာရီတွင် ကျင်းပခဲ့သည်။
Oct 13,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း အောက်တိုဘာလ ၇ ရက်နေ့ညက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ဒိုက်ဦးမြို့နယ် အတွင်းရှိ အချို့ကျေးရွာများ၌ လူနေအိမ်များ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။
Oct 13,2022
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များနှင့်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်စုဖွဲ့ပြင်ဆင်ထားရှိမှုအခြေအနေအား ဇတ်တိုက်လေ့ကျင့်မှု အစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာ၊ သဘာဘေးခိုလှုံရာ အဆောက်အဦးရှေ့တွင်ပြုလုပ်ခဲ့သည်။
Oct 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု၊ မုန်းလိုက်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ပေးအပ်နိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 13,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများ အား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံး နိုင်ရန်ရည်ရွယ်၍ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် (၇) နာရီခွဲမှ (၈) နာရီခွဲအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝင်းအတွင်း၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Oct 13,2022
စစ်ကိုင်းတိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Oct 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိသားစု(၁၀၀)စု လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရေးမြင်းကဘက်အုပ်စု၊ တုံလုံကျေး ရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) စီမံကိန်းဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် တုံလုံကျေးရွာတွင်းလမ်း များအား ကွန်ကရစ်ခင်းပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချီရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့ နံနက် ၈ နာရီ အချိန်ခန့်က ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက် မြကန်သာ (၂)လမ်း၌ ပြည်သူများထံသို အခြေခံစားသောက်ကုန်များကို လက်ဝယ် အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။