အမြို့မြို့အနယ်နယ်သတင်းများ

Oct 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 17,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာစခန်း(ဆွယ်)မှ ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/၂၀၂၂)ကို ယနေ့နံနက် (၉)နာရီခွဲက အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း နေကြာစိုက်ပျိုးဧက လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် နေကြာစိုက်ပျိုးသွားမည့် ဒေသခံတောင်သူများထံသို့ နေကြာမျိုးစေ့များ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီမိနစ်၃၀ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမတွင် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 17,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ချမ်းသာလှဆုတောင်းပြည့် စေတီတော်၏ နှစ်စဉ်ကျင်းပလျက်ရှိသည့် သံဃာ့ဒါနစာရေး တံမဲနှင့်ဆွမ်းလောင်းလှူပွဲကို ဓမ္မစကြာဝိမာနကျောင်းတိုက် အတွင်းရှိ ဘုရားရင်ပြင်တွင် ယနေ့နံနက် (၇) နာရီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Oct 17,2022
နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Oct 17,2022
တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် ယာမြေများ ထွန်ရေး၊ ထယ်ရေး ညက်စေရန် ထွန်၊ ထယ်များငှား၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နေ့စားထွန်၊ ထယ်အငှားလိုက်သူများ မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Oct 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ၂/ ကရပ်ကွက် နှစ်ကျိပ် ရှစ်ဆူဓမ္မရုံ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၁၅)နှစ်အောက် ကလေးများအား ဂျပနဦးနှောက်အမှေးရောင် ကာကွယ်ဆေးများကို ယနေ့ နံနက်(၁၀) နာရီအချိန်က ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။