Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရေဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ၀န်ထမ်းစာဖတ်ဝိုင်းပြုလုပ်
Oct 19,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ၀န်ထမ်းများ စာဖတ်ရှိန်မြင့်တက်လာစေရေးနှင့် ဌာနလုပ်ငန်းများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ အောက်တိုဘာ ၁၉ ရက်မွန်းတည့် ၁၂ နာရီက ၀န်ထမ်းစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီ၏စီစဉ်မှုဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှ လှူဒါန်းသည့် ဆန်များ အခြေခံလူတန်းစားအိမ်ထောင်စုများထံ အခမဲ့ပေးအပ်…
Oct 19,2022
နေပြည်တော်ကောင်စီ၏စီစဉ်လမ်းညွှန်မှုဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည် သူများမှလှူဒါန်းသည့် ဆန်များအား အခြေခံလူတန်းစားအိမ်ထောင်စုများထံ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အခြေခံလူတန်းစားအိမ်ထောင်စုများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Oct 19,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့ မြို့မရပ်ကွက်တွင် မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး
Oct 19,2022
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်၊အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇေယျာနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေးစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နေ့လည်ပိုင်းက မြို့မရပ်ကွက်အတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ် ၊ ဖျောက်ဆိပ်ကုန်းကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေး
Oct 19,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ဖျောက်ဆိပ်ကုန်းကျေးရွာအတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၅)ခုမှ အကြီးအကဲများက ဖျောက်ဆိပ်ကုန်းကျေးရွာ၊ ဘုန်းတော် ကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့က ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ်၌ (၃၂)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 19,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူးပြီး (၃၂)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့၌ သစ်ဆွေးမြေဂေဟစနစ် ထိန်းသိမ်းခြင်းနှင့် သစ်ဆွေးမြေရှာဖွေဖော်ထုတ်ခြင်း ဆိုင်ရာသင်တန်း (Capacity Development Packages for Myanmar- MAHF…
Oct 19,2022
လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ သန့်ရှင်း သောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို အနာဂတ်မျိုးဆက်များဆီသို့ လက်ဆင့်ကမ်း ပေးနိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်တွင် မိုဘိုင်း စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေး
Oct 19,2022
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် စာငှား/ စာဖတ်ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ရုံးဌာနများအရောက် သွားရောက်ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18287
Page
18288
Page
18289
Page
18290
Current page
18291
Page
18292
Page
18293
Page
18294
Page
18295
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department