အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းနှင့် ဦးကိုကိုလွင် (တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ)တို့သည် တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးတွင်ကျင်းပသည့် မြိတ်မြို့နယ်၏ လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး အထောက်အကူပြု မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့ကြသည်။
Oct 20,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အင်းကုန်းကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများသည်  ကြက်သွန်နီစျေးကောင်းသဖြင့် ကြက်သွန်နီများကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာကြောင်းသိရသည်။
Oct 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ပါးစပ်၊ နှာခေါင်းစည်း Face Mask အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ကြသည်။
Oct 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ(၃)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ရာ ကျောင်းသားကျောင်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
Oct 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍
Oct 20,2022
မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးသင်တန်းကျောင်းမှအမှုထမ်းများ အခြေခံ ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက  ပြည်နယ် သမဝါယမရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ ဂွေးချောင်းကျေးရွာ၊ ကွင်းအမှတ် (၁၂၅၂) ဦးပိုင်အမှတ် (၁၀၈/၁) တောင်သူ ဦးထွန်းထွန်းဝင်း၏ ဆင်းသုစိုက်ခြင်း(၂)၌ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။