Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စဉ့်ကူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Oct 20,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ညောင်ဝန်းကျေးရွာတွင် ၂ လက်မ PVC (၅၀၀၀)ပေ ရေပိုက်လိုင်း သွယ်တန်းခြင်းနှင့် ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းများ ပြီး စီးမှု၊ ရွှေပြည်ကျေးရွာတွင် အချင်း ၄ လက်မ အနက် ၃၀၀ ပေ စက်ရေတွင်း၊ ဂါလံ (၂၄၀၀) ဆံ့ စင်မြင့် ရေစင်နှင့် ၁၀' x ၈' x ၈' ပေ ရေစက်ရုံ တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ မိုးကောင်းကြီးကျေးရွာတွင် အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မ၊ အရှည် ၁ မိုင်ရှိ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုတို့ကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Oct 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပိုက်တီမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေ
Oct 20,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့ လူစည်ကားရာနေရာများတွင် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ နံနက် (၁၀)နာရီက နှာခေါင်းစည်း (mask) များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့၊ ဆားမလောက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုရေးအသင်းဖွဲ့များ ပူးပေါင်း၍ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ဆားမလောက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကျင်းပ
Oct 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ထားဝယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက စာဖတ်ရှိန်မြင့်မာရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့ ကရုဏာရှင် လူမှုကူညီရေးအသင်းမှ ရတနာတိုးအချွန် ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ အမှတ်(၁၄) ရပ်ကွက်၊ ကရုဏာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက လက်လုပ်လက်စား ပြည်သူများအား သက်သာသော စျေးနှုန်းဖြင့် ဆန်ဝယ်ယူ စားသုံးနိုင်စေရန် ရည်ရွယ်၍ ရတနာတိုး အချွန်ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်တွင် ဖျာပုံမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ အ.မ.က(၁၇) မူလတန်းကျောင်းရှေ့တွင် ရောင်းချပေးလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြခံလူတန်းစားအိမ်ထောင်စု (၇၀၀)သို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Oct 20,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ မြင်တင်ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အတွင်းရှိ မိုးလုံလေလုံအားကစားရုံခန်းမဆောင်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က အခြေခံလူတန်းစားအိမ်ထောင်စု (၇၀၀)သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် သမဝါယမအသင်းစုလီမိတက်နှင့် ကျေးရွာများမှ သမဝါယမအသင်းသားများအား အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
Oct 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ (၂၀၁၉-၂၀၂၀)၊ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်နှင့် (၁.၁၀.၂၀၂၁)မှ(၃၁.၃.၂၀၂၂)ရက်နေ့အထိ စာရင်းကာလအတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18270
Page
18271
Page
18272
Page
18273
Current page
18274
Page
18275
Page
18276
Page
18277
Page
18278
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department