အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ဂွ-ငါသိုင်းချောင်း လမ်းပေါ်ရှိ ဒေါင့်ချောင်း စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ညနေပိုင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ပူးပေါင်းရေးအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
Nov 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပ သည့်  ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲ ကို ယမန်နေ့မွန်းလွဲပိုင်းတွင် မိုင်းယောင်းမြို့အတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည် ပူဇော်ခံရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ကြည်ရှုအားပေးခဲ့သည်။
Nov 04,2022
အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ စီမံခန့်ခွဲရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ ပညာရေးကဏ္ဍ၊ စစ်ဆေးရေးကဏ္ဍနှင့် စာရင်းအင်းကဏ္ဍတို့တွင် စွမ်းဆောင်ရည်နှင့် အသိပညာများ တိုးတက်ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ပညာရေးဌာနမှ ဆောင်ရွက်သည့် မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
Nov 04,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ယမန်နေ့နံနက်( ၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်မြင့်ကျော် ဦးဆောင်၍ ဋ္ဌာနဆိုင်ရာ (၃၅)ဦး ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်း ပူးပေါင်းအဖွဲ့သည် မိုးကုတ်ဒေသပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းစေရန်အတွက် သဒွတ်သျှိုကျေးရွာအုပ်စု၊ ကျောက်နဂါးကျေးရွာသို့ နယ်မြေကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Nov 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာစေရေးနှင့် Online နည်းပညာများ ကောင်းမွန်စွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဝန်ထမ်းများအား လုပ်ငန်းခွင်လေ့ကျင့်ရေးပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန(Community Center)၌ ကျင်းပသည်။
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့၌ ကျရောက်မည့် (၃၄)ကြိမ်မြောက် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်၁၀နာရီအချိန်ခန့်က အမှတ်  (၂)ရပ်ကွက်ရှိ အတုလမာရဇိန် ကြေးသွန်းဘုရားကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။