အမြို့မြို့အနယ်နယ်သတင်းများ

May 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်ကို ယနေ့နံနက် ၈ နာရီ အချိန်က ရေဖြူမြို့နယ် ပညာရေးမှူးရုံးအရှေ့၌ စိုက်ထူကြောင်း သိရသည်။
May 19,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ကချင်ပြည်နယ် ဗန်းမော်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို မေ ၁၉ ရက် နံနက် ၉ နာရီက ဗန်းမော်တက္ကသိုလ်စုံညီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 19,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ၂၀၂၂-၂၀၂၃ ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေးပိုစတာကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ သမိုင်းဝင်ဆေးအိုးဖိုးဘုရားအနီး၌ စိုက်ထူကြောင်းသိရသည်။
May 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့ထိပ်စစ်ဆေးရေးဂိတ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် ရှေးဦးပြုစု ခြင်း(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်(၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
May 19,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့နယ်၌​​ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်း​နေအရွယ် ကလေးငယ်တိုင်း​ ကျောင်းအပ်နှံနိုင်​ရေးအတွက် ကျောင်း​နေအရွယ် က​လေး​ငယ်အားလုံး ပညာသင်ယူခွင့်ရဖို့ ​ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်ကို   ယ​နေ့နံနက် ၉နာရီက မြို့နယ်ပညာ​ရေးမှူးရုံး​ရှေ့တွင်စိုက်ထူခဲ့သည်။
May 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် (၄)နှစ်သင် ပထမနှစ်(ပထမနှစ်ဝက်)နှင့် (ဒုတိယနှစ်ဝက်) သင်တန်းသား /သူများ ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။