အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2022
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 09,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်‌ကျော်(၁)ရက် နိုဝင်ဘာ(၈)ရက်နေ့၌ စတုဒီသာကျွေးမွေးလှူဒါန်းသူများ၊ လာရောက်သုံးဆောင်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Nov 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီက လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 09,2022
ကော့သောင်းမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြို့လုံးကျွတ်တန်ဆောင်မုန်းလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းကပြုလုပ်ကျင်းပရာ မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော် သာသနာ့ဗိမာန်တော်ရှေ့မှစတင်ကာ ရပ်ကွက်များအတွင်းသို့ သံဃာတော်များကြွချီအလှူခံတော်မူကြသည်။
Nov 09,2022
ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြု တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ ယမန်နေ့ မွန်းလွဲ (၂)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်မြို့၊   စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲက စတုတ္ထအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၃၃၂၅) ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Nov 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေသည့် ဖယ်ဖိုးအထက်ကျေးရွာသို့ ယမန်နေ့နေ့လည်(၃)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများကကွင်းဆင်းကာ လိုအပ်သည်များပေါင် စပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။