အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီးမိသားစုစားဝတ်နေရေးအတွက်အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံဖြစ်သည့် ဘူးသီးနှင့်ရုံးပတေသီးနှံအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာအောင်မြင် ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ မင်းကြီးလမ်းမပေါ်ရှိပြည်သူများကို ဖြန့်ဝေခဲ့သည်။
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်၉နာရီအချိန်က အုတ်တွင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာသီရိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 09,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်မြောက်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အဆိုပါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိသည်။
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မင်းလှမိတ်သဟာအဖွဲ့၏ (၈)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့သည်။
Nov 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသခံပြည်သူ များ စိတ်အပန်းဖြေပျော်ရွှင်မှုရှိစေရေးအတွက် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင် မုန်းလပြည့်ကျော်(၁)ရက် ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ လ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင်တိုင် မီးထွန်းပွဲတော်ဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ည(၆)နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 09,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်က မကွေးပညာရေး ဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်ကြားရေးဆရာ/ဆရာမများနှင့် တိုင်းရင်းသားဘာသာစကားသင် ဆရာ/ ဆရာမများ တက်ရောက်ခဲ့ ကြသည်။
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြတ်စွယ်တော်အပူဇော်ခံပွဲ၊ ဆီမီးကပ်လှူပွဲ၊ဆွမ်းတော်ကြီးကပ်လှူပွဲ၊ စတုဒိသာများကျွေးမွေးလှူဒါန်းပွဲကို တန်ဆောင်းမုန်းလပြည့်ကျော်(၁)ရက် နိုဝင်ဘာ ၈ ရက် ညနေပိုင်းကပြုလုပ်ခဲ့သည်။