အမြို့မြို့အနယ်နယ်သတင်းများ

Nov 11,2022
ငါးသိုင်းချောင်းမြို့၊ ရေနံသာကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၁၁၄၈)၊ ဦးပိုင်အမှတ် (၈၀/ဆ) တောင်သူ ဦးအောင်မျိုးထက်၏ စိုက်ပျိုးမြေ၌ နေကြာ သီးသန့်(၂) ဧက၊ သီးညှပ်(၃)ဧက စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ကယဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးအောင်သန်းဝင်းကအဖွင့်အမှာစကားပြောကြားပြီး ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝေဖြိုးအောင်၊ မြိုနယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးစိုးမင်းအောင်၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးတို့မှ ဟောပြောပေးခဲ့ပါသည်။
Nov 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့်   လမ်းများ၊ တံတားများ တည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပ‌ရေးအတွက် Flower Boxများနှင့် အုတ်စီရေမြောင်းများ တည်ဆောက်ပေးခဲ့သည်။
Nov 11,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများရှိ ဒေသခံတောင်သူများသည် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် ကြက်ဟင်းခါးသီးနှံကို စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ဈေးဖြင့် ရောင်းချနေရ၍ မိသားစုနေ့စဉ် ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးလုပ်ကိုင် ကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပညာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး​ ဟောပြောပြီး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ပြသခြင်းကို အ.ထ.က (၁)ကျောင်း ရွှေညီလာခန်းမ၌ ယမန်နေ့ နံနက် (၁၀)နာရီတွင် ဆောင်ရွက်သည်။
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ပဲခူး-ရန်ကုန်လမ်းမကြီးနှင့် လူစည်ကားရာလမ်းစုံများတစ်လျှောက်တွင် ဆောင်ရွက်ခဲ့သည်။
Nov 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Nov 11,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ အ.ထ.ကကျောင်း၌ ရှေးဉီးပြုစုခြင်း အခြေခံသင်တန်း (၆/၂၀၂၂)နှင့် (၇/၂၀၂၂)တို့ကို ရေကြည်မြို့နယ်ကြက်ခြေနီအသင်းက ဉီးဆောင်မှုဖြင့် သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။