အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကြက်​ခြေအနီအသင်းခွဲမှ ကြီးမှူး၍ ​ရှေးဦးသူနာပြု အ​ခြေခံသင်တန်းအမှတ်စဉ် (၅/၆)ကို ယ​မန်​နေ့နံနက်ပိုင်းက အမှတ်(၃) အ​ခြေခံပညာ အထက်တန်း​ကျေားင်းနှင့် အမှတ်(၈) အ​ခြေခံပညာအလယ်တန်း​ကျောင်းတို့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 24,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ အရပ်ဘက်ပရဟိတလူမှုအဖွဲ့အစည်းများပူးပေါင်း၍ ဒေသတွင်းရေကြီးရေလျှံမှုဘေးအန္တရာယ် လျော့ပါးသက်သာစေရေးအတွက် “ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရန် Table Top Exercise စားပွဲဝိုင်းဆွေးနွေးပွဲ “ပြုလုပ်ခြင်းကို ယမန်နေ့က ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ကျင်းပရာ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်မြို့ရှိ အရပ်ဘက်ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများ တက်ရောက်သည်။
Nov 24,2022
မွန်ပြည်နယ်၊ မော်မြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌လူကုန်ကူး မှုလျော့နည်းကျဆင်းစေရေးအတွက် သံဖြူဇရပ်မြို့နယ် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး အဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ရုံးခန်း၌  ကျင်းပပြုလုပ်သည်။
Nov 24,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေး ချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအရှိန်အဟုန်မပျက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက  ပွင့်ဖြူမြို့နယ် ဖလံတော ကျေးရွာသို့ သွားရောက်ပြီး ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
Nov 24,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာကြည့်တိုက် ဝန်ဆောင်မှု ဆင့်ပွားသင်တန်းကို  ဖွင်လှစ်ပေးခဲ့ကြောင်း သိရသည်။
Nov 24,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်း ရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Nov 24,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် စာဆိုတော်နေ့ အထိမ်းအမှတ်  Online Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ​မွန်းတည့် ၁၂  နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 24,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ သမိုင်းဝင်ကော့ရွဲစေတီတော် မြတ်ကြီးအား ဘက်စုံမွမ်းမံလှူဒါန်းငွေပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် (၉)နာရီက ပြုလုပ်ခဲ့ရာလှူဒါန်းပွဲသို့ ကညှော်တိုက်ကျောင်း ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တဥူးပညာဇောတိနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက် ကြသည်။