အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ တွင် ပညာသင်ကြားလျက်ရှိကြသော ကျောင်းသား၊ ကျောင်း သူများအား လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာလ ယနေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စတင်ဆောင်ရွက် ပေးလျက် ရှိရာ စာမေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း
Nov 28,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တပ်ကုန်းအုပ်စု ထန်းရင်းကျေးရွာတွင် ဟင်းသီးဟင်းရွက် သီးနှံများကို ရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးများ စိုက်ပျိုးခြင်းဖြင့် မိသားစု ဝင်ငွေရရှိနေကြောင်း သိရသည်။ ခရမ်းချွန်စိုက်ပျိုးနိုင်စေရန် မြေကို ထယ်ရေးညက်အောင် ထွန်ယက်ကာ ဘောင်တင်ခြင်း၊ မြောင်းဖော်ခြင်များ ပြုလုပ်ကာ စိုက်ပျိုးရသည်ဖြစ်တဲ့အတွက် အလုပ်သမားငှားမည်ဆိုပါက တစ်နေ့ကို ၆၀၀၀ ကျပ်ဖြင့် ငှားရမ်းလုပ်ကိုင်ရသည် ဖြစ်တဲ့အတွက် ကုန်ကျစရိတ်နည်းပါးခြင်း ကြောင့် အဆိုပါ ခရမ်းချဉ်သီးပင်ကိုစိုက်ပျိုးခြင်း ဖြစ်သည်။
Nov 28,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 28,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ တွင် ကျောင်းကုန်းကျေးရွာအုပ်စု ပေါက်ကံကွင်းရှိ တောင်သူ ဦးထွန်းထွန်းစိုး၏ လယ်မြေတွင် ဆောင်ရွက်ခဲ့သည်။
Nov 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ မာဃ(၁၄)လမ်း လမ်းအလယ်၌ ဘိုကလေးမြို့၊ သရက်ချောင်းအတွင်းသို့ စီးဆင်းသော ချောင်းငယ်လေးအားဖြတ်၍ တည်ဆောက်ထားသော ကွန်ကရစ်တံတားသည် ကျဉ်းလွန်းသည်ကတစ်ကြောင်း၊ လူသွားလမ်းကိုလည်း ချဲ့ထွင်ရန်ရှိသည်ကတစ်ကြောင်း၊ ချောင်းကူးတံတား တည်ဆောက် ခဲ့သည်မှာ နှစ်ကာလကြာမြင့်ခဲ့ပြီဖြစ်သဖြင့်
Nov 28,2022
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော စာပေရေးသားနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက တိုင်းဒေသကြီးကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
Nov 28,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့်လူရည်ချွန်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Nov 28,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ  စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ယနေ့ နံနက်ပိုင်းက Mobile Library ကွင်းဆင်း ငှားရမ်း ပေးလျက်ရှိကြောင်း သိရသည်။