အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ စာပေထူးချွန်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန်ထက်မြက်သော ကောင်းသားကျောင်း သူများပေါ်ထွန်းလာစေရေး ရည်ရွယ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ မြန်မာစာ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းက အ.ထ.က(၁)ကန့်ဘလူ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းသေကြီးရန်ပုံငွေကျပ်(၉၃.၀၁၉)သန်းဖြင့် ညောင်ပင်သာကျေးရွာအုပ်စု ဝါးတောကြီးကျေးရွာ၌ အကျိုးပြုဧက ၁၀၀ ရှိသည့် ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့မွန်းလွဲ ၃ နာရီ အချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 29,2022
အိမ်တွင်းလက်မှုလုပ်ငန်းမှသည် ပြည်တွင်းပြည်ပပို့ကုန်အထိ တင်ပို့ရောင်းချနိုင်ရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များကို လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ရည်ရွယ်ပြီး ယမန်နေ့နံနက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အသေးစားအလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြသည်။
Nov 29,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Nov 29,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ အမှတ်စဉ် ၆/၂၀၂၂ သင်တန်းကို ၃၀.၁၁.၂၀၂၂ ရက်နေ့မှ ၇.၁.၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်မှာဖြစ်ကြောင်း သိရသည်။
Nov 29,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဦးတည်အုပ်စုများအလိုက် ဦးစားပေး အစီအစဥ်အတိုင်း ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  ဝေါမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 29,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိပြီး သီးမွှေးငှက်ပျောများ စိုက်ပျိုးရောင်းချခြင်းဖြင့် အခြားသီးနှံများထက် အမြတ်ငွေပိုမိုရရှိသဖြင့် ဝမ်ဝိန်းကျေးရွာရှိ တောင်သူ ဦးကျော်ဦး၏ စိုက်ပျိုးရေးခြံ၌ သီးမွှေးငှက်ပျောပင်များ စီးပွားဖြစ်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။