ကန့်ဘလူ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ စာပေထူးချွန်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန်ထက်မြက်သော ကောင်းသားကျောင်း သူများပေါ်ထွန်းလာစေရေး ရည်ရွယ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ မြန်မာစာ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းက အ.ထ.က(၁)ကန့်ဘလူ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ဝင်ရောက်ဖြေဆိုကြရာ ယနေ့ရေးဖြေစာမေးပွဲတွင် Grade- 9 ကျောင်းသားကျောင်းသူ ၂၇ ဦး၊ Grade- 10 ကျောင်းသားကျောင်းသူ ၈ ဦး၊ Grade- 11 ကျောင်း သားကျောင်းသူ ၈ ဦးတို့ဖြေဆိုလျက်ရှိပြီး အဆိုပါစာမေးပွဲတွင် အထွေထွေဗဟုသုတ၊ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို သုံးရက်ကြာကျင်းပပြုလုပ်ကာ ရွေးချယ်စစ်ဆေးသွား မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)