Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်း ခန္တီးမြို့ပေါ်ရှိ မဲရုံလျာထားမှုများအား ကွင်းဆင်းစစ်ဆေး
Dec 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ပေါ်ရှိ မဲရုံလျာထားမှုးများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့၌ စားသုံးဆီ တစ်ပိဿာ ၄၉၀၀ ကျပ်ဖြင့် ရောင်းချပေး
Dec 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီ တစ်ပိဿာ ၄၉၀၀ ကျပ်ဖြင့် ပြည်သူအများအား စားသုံးဆီဖူလုံစေရန်နှင့် သက်သာသောဈေးနှုန်းကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် (၉) နာရီက မြို့မဈေးကြီးအနောက်ဘက် တိုက်တန်းရှေ့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများပြုလုပ်ဆောင်ရွက်
Dec 01,2022
ကလေးငယ်များစာဖတ်စွမ်းရည် တိုးတက်မြင့်မားလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေနှင့်နီးစပ်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရုံးဦးစီးမှူးနှင့် ဌာနဝန်ထမ်းများက တောင်ငူတန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျာင်းတွင် ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က စတင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အသက် (၂) နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက် ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး
Dec 01,2022
မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် မွေးကင်းစမှအသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Dec 01,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ ၁၅ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ် မြောက် ရခိုင်ပြည်နယ်နေ့အထိမ်း အမှတ်အဖြစ်အခြေခံပညာအထက်တန်း၊အလယ်တန်း အဆင့်စာစီစာကုံး ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်၉နာရီက အ-ထ-က မာန်အောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေစကြိုမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် (Talk Show) ဆွေးပွဲကျင်းပ
Dec 01,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁ ရက် နံနက် ၁၀ နာရီအချိန်က ရေစကြိုမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်
Dec 01,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူး ပေးအပ်
Dec 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၇) ရပ်ကွက်၊ တောရကျောင်းတာပေါ်၌ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17404
Page
17405
Page
17406
Page
17407
Current page
17408
Page
17409
Page
17410
Page
17411
Page
17412
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department