အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မံပုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးဆောင်ရွက်သော မြစိမ်းရောင်(သမဝါယမ) ကျေးရွာစီမံကိန်း မတည်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် ကျင်းပရာ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေ မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇင်မောင်မောင်က အဖွင့်အမှာစကား ပြောကြားသည်။
Dec 14,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပို့ကုန်ကဏ္ဍ တိုးမြှင့်နိုင်ရန်အတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က PSA ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား ပြည်နယ်အစိုးရ အဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Dec 14,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ၁၂-၁၂-၂၀၂၂ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Dec 14,2022
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ နိုင်းကြာ (ကော့ယာမွန်) ကျေးရွာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က အဆိုပါလမ်းသစ် မုခ်ဦး တည်နေရာ၌ ကျင်းပသည်။
Dec 14,2022
ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်းသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု ၆၄ ဒဿမ ၁၇ ရာခိုင်နှုန်း ပိုမိုတိုးတက်ဝင်ရောက်ခဲ့ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားမှ သိရသည်။
Dec 14,2022
(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများ အားကစားပြိုင်ပွဲများကို စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ ဒီဇင်ဘာလ ၁၁ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိကြောင်းသိရသည်။
Dec 14,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ နိသောကရာမဘုန်းတော်ကြီးသင်ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးနှင့် ဝန်ထမ်းများသည် နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ ခန့်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။